Friday, August 28, 2015

samsung ဖုန်းတွေမှာ မြန်မာစာမှန်ဖို့အတွက်

မိမိဖုန်းမှာ မြန်မာစာတွေကို မှန်မှန်ကန်ကန် မြင်နိုင်ဖို့အတွက်
အောက်က ဖိုင်လေးကို download လုပ်ပြီး install လုပ်ပါ

ပြီးလျှင် မြန်မာစာ ကီးဘုတ်ကိုထပ်ဒေါင်းပြီး install လုပ်ပါ

အကုန်လုံးပြီးလျှင် - 
- Setting ထဲသွားပါ။
- Display (or) My device -> Display
- Font style ထဲဝင်ပြီးတော့ . . .
- ZawgyiOne 2015 ဆိုတာလေးကို ရွေးပေးလိုက်ပါ။

ဒါဆိုမြန်မာစာကိုမှန်မှန်ကန်ကန်မြင်နိုင်မှာဖြစ်ပါတယ်။
အဆင်ပြေပါစေဗျာ . . . . . ။

Monday, August 17, 2015

Wild Blood mod.apk


ဆော့လို့ကောင်းတဲ့ဂိမ်းလေးတစ်ခုပါ။
apk ဒေါင်းရန် - http://www25.zippyshare.com/v/74126994/file.html
Obb ဒေါင်းရန် - https://my.pcloud.com/publink/show?code=Gii

Install လုပ်နည်း -
apk ကို Install လုပ်ပါ။
Obb ဖိုင်ကို Android/ obb ထဲကိုထည့်ပေးပါ။
obb မရှိပါက obb နာမည်ဖြင့် folder တစ်ခု ဆောက်ပေးပါ။

Honer 6 နဲ့ 6+ အတွက်အသုံးဝင်တဲ့ tool လေးပါ

Download -
http://www.mediafire.com/download/2czagtjtqq2xj26/Huawe_HONOR_6_and_6Plus_Multi-Tool.zip

Remove Pattern & Password



Android ဖုန်းတွေမှာ Pattern Lock, Pin Lock, Password Lock တွေ
ဖြုတ်ဖို့အတွက် အသုံးတည့်မယ့် Tool လေးပါ။

 လိုအပ်ချက်တွေအနေနဲ့ကတော့ အသုံးပြုမယ့် ဖုန်းမှာ
1 USB debugging On ထားရပါမယ်။
2 Root ဖောက်ထားရပါမယ်။
အဲဒါဆိုရင်တော့ ဒီTool လေးကို အသုံးပြုလို့ရပါပြီ။

Credit to -  ShweSeTharr

ဖုန်း နဲ့ pdf စာအုပ်စနစ်တကျရေးသားနည်း


အခု တင်ပေးလိုက်တဲ့ နည်းလေး က တော့ ဖုန်း ထဲ ကနေပြီး ကိုယ်ပိုင် pdf စာအုပ်လေးတွေ ကို ပြုလုပ်တဲ့နည်းလေးပဲဖြစ်ပါတယ်။မိမိတို့ ကိုယ်ပိုင် ရေးသားထားသော ကဗျာလေးတွေ မှတ်တမ်းစာစုလေးတွေကို မိမိတို့ ကိုယ်ပိုင် ပြုလုပ်နိုင်ပါတယ်။ပြုလုပ်နည်း pdf ကို ရေးသားသူ က တော့ ကိုဒီမွန်း ပဲဖြစ်ပါတယ်။လိုအပ်သော software နှင့် ပြုလုပ်နည်းစာအုပ် ကို အောက်ပါလင့် က နေပြီး ဒေါင်းလုပ်ရယူ ကာ မိမိ တို့ ကိုယ်ပိုင် ဖန်တီးပြုလုပ်နိုင်ပါတယ် ခင်ဗျာ။
စာအုပ်ရေးတဲ့Apkကို
http://www.mediafire.com/?43a0oqo77f8fg61
ဖုန်းနဲ့pdfစာအုပ်စနစ်တကျရေးသားနည်း
http://www.mediafire.com/?mx8f0tqo4te0hqp
Credit to - Ziveen Mobile

Facebook ပေါ်က video ဒေါင်းနည်း

ခုနောက်ပိုင်း version 3x တွေမှာ အရင်ကလို IDM နဲ့ဒေါင်းမရသူတွေအတွက်
Download Link >> http://pc.cd/CTJrtalK
ပထမအနေနဲ့ ယခု App ကိုဒေါင်းယူ၍ Install လုပ်ပါ။
ပြီရင် မိမိ Fb Account ရိုက်ထည့်ပါ။ အဲ့အခါမှာ မိမိ Account နဲ့ Fb ပွင့်နေပါလိမ့်မယ်။
အဲ့အခါမှာ လိုအပ်တဲ့ Video ကိုနှိပ်၍ ယခုပိုစ့်က ပုံအတိုင်းဒေါင်းယူပါ။





Credit to - Ziveen Mobile နည်းပညာ

SD Card Slot ပျက်နေတဲ့ Huawei Phone တွေ Firmware ပြန်တင်နည်း


Huawei ဖုန်းတွေကို Firmware တင်နည်းနောက်တစ်နည်းပါ …
ဒါကတော့ Firmware ပျက်နေတဲ့ဖုန်းတွေမှာ SD card Slot ပျက်နေရင် firmware ပြန်တင်ရခက်ပါတယ်

ဒါကြောင့် Tool နဲ့တင်နည်းလေးတင်ပေးလိုက်ပါတယ် … ကျွန်တော့်ကိုလမ်းပြပေးတဲ့
ကိုသစ်ကပ်ပန်းကိုလဲကျေးဇူးတင်ပါတယ် …
ကဲစပြီဗျာ … လိုတာ ကိုအရင်ဒေါင်းလိုက်ပါ.
ပီးရင်တော့ Zip ဖြည်ပြီးရင်တော့ ဖိုင်ထဲမှာပါတဲ့ NewMultiDownloadU လေးကို run ပေးပါ
Password တောင်းလာခဲ့ရင် Huawei လို့သာပစ်ထည့်လိုက် …. ခ်ခ် (ပွင့်သွားရော)
Aပေါ်ဆုံးက Allow Upgrade …… ဆိုတာကြီးကို ကိုယ်နဲ့မဆိုင်သလိုမေ့ထားလိုက် …
ဆိုင်တာက Please Select File ဆိုတဲ့A ပိုင်းပဲ Firmware ဆိုတဲ့ဖိုင်နေရာမှာကိုယ်တင်ချင်တဲ့
UPDATE.APP ကိုထည့်ပေး … နောက်ကတစ်ကြောင်းမှာဒေါင်းလုပ်ဆွဲတုန်းက
ပါလာတဲ့ စာသုံးဖိုင်ထဲက WH62406270ML01Ver1003(SmartPhone) ဆိုတဲ့ဖိုင်ကိုရွေးပေးလိုက်
ပြီးတာနဲ့ NEXT ရွေးပေးလိုက်ဗျာ …
ခုဖုန်းကို Downloading mode (Vol + & Vol – & Power) ၀င်ပြီး PC နဲ့ချိတ်ပါ …
PC မှာသိပြီဆိုရင် Scan & Download ကိုနှိပ်ပေးလိုက်ပေတော့ … (ပျက်ပြီ ခ်ခ်)
နောက်တာနော် … အားလုံးပြီးလို့ Phone မှာ Ok လို့ပြရင် Battery ဖြုတ် ပြန်ပွင့်လာရင်
ကောင်းသွားပြီမှတ် … Root ကတော့သက်ဆိုင်ရာနည်းတွေနဲ့သာကိုင်ပေတော့ …

Credit to -

Ziveen Mobile နည်းပညာ

အစားအစာများကို တည့်မတည့် စစ်နိုင်တဲ့ application

ကျတော်တို့နေ့စဉ် ချက်ပြုတ်စားသုံးနေသောအစားအစာများနှင့် သစ်သီး
သစ်နှံများကို တွဲဖက်စားသုံးရန်သင့် မသင့် စစ်ဆေးနိုင်သော application လေးတစ်ခု
ဖြစ်ပါတယ်။ ဒီ application လေးကိုရေးသားသူကတော့ ကိုအောင်ဇော်ထွန်းဖြစ်ပါတယ်။
လိုအပ်သူများအနေနဲ့ Google Playstore ကနေပြီး Download ရယူနိုင်မှာဖြစ်ပါတယ်။
mobile ဖုန်းအသုံးပြုသူများအနေနဲ့ အလွယ်တကူ စစ်ဆေးနိုင်ရန်ရည်ရွယ်ရေးသားထားတာ
ဖြစ်ပါတယ်။ အသုံးပြုပုံကလဲလွယ်ကူပါတယ်။ application လေးထဲကိုဝင်လိုက်တာနဲ့ box လေး
နှစ်ခုကျလာမှာဖြစ်ပါတယ်။ ကိုယ်တွဲဖက်စားသုံးမဲ့ အစားအစာကို ရိုက်ထည့်ပြီး စစ်ကြည့်လိုက်ရုံနဲ့
စားသုံးရန်သင့်မသင့်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ရေးသားထားသူရဲ့ ရည်ရွယ်ချက်ကတော့
အများပြည်သူများအတွက် ဒီ application လေးက အကူအညီတစ်ခုဖြစ်စေချင်ရုံ သက်သက်ရေး
သားထားတာပါလို့ ပြောထားပါတယ် ခင်ဗျာ။ လိုအပ်သူများကတော့ Google Playstore ကနေ
Download ရယူလိုက်ကြပါခင်ဗျာ။

ဒီနေ့ပဲ စမ်းသပ်အသုံးပြုသင့်တဲ့ Android ရဲ့ စွမ်းဆောင်ချက် လေးခု

Android Phone တွေဟာ ဖုန်းပြောရုံ သက်သက် တီထွင်ပေးထားတာ မဟုတ်ပါဘူး။ စမတ်ဖုန်းတွေဟာ အရွယ်သေး အိတ်ဆောင် ကွန်ပြူတာတွေ ဖြစ်ကြပါတယ်။ ကွန်ပြူတာတွေ ဖြစ်ကြတဲ့အတွက် လျှို့ဝှက်နက်နဲတဲ့ စွမ်းဆောင်ချက်တွေလည်း ပါရှိလာကြပါတယ်။ အဲဒီအထဲက လူတွေ သိပ်အသုံးမပြုမိတဲ့ အသုံးဝင်တဲ့ စွမ်းဆောင်ချက်တွေကို ရေးသားပေးလိုက်ပါတယ်။
၁။ လျှို့ဝှက်စွမ်းဆောင်ချက်တွေကို အသုံးပြုပါ။
Android Device တွေမှာ Developer Options ကို လျှို့ဝှက်စွာ ထည့်သွင်းပေးထားပါတယ်။ နာမည်ကြားရင်တော့ အသုံးပြုရမှာ ကြောက်စရာ ဖြစ်ပေမယ့် အသုံးဝင်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ Developer Options မှာ Animation တွေကို ပိတ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန်အောင် လုပ်နိုင်ခြင်း၊ ဂိမ်းကစားရာမှာ ဂရပ်ဖစ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်း၊ USB Debugging နဲ့ အခြား အသုံးဝင် စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ လျှို့ဝှက်ထားတဲ့ Developer Options ကို Enable လုပ်ဖို့အတွက် Settings> About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက်နှိပ်ပါ။ ဒါဆိုရင် Settings အောက်မှာ Developer Options ကို တွေ့မြင် အသုံးပြုနိုင်ပါပြီ။



၂။ သင့်ဖုန်းကို နှေးကွေးစေတဲ့ Apps များကို ရှာဖွေဖော်ထုတ်ပါ။

Process Stats ဟာ Developer Options ထဲမှ အကောင်းဆုံး စွမ်းဆောင်ချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ Android Device မှ Running Processes တွေနဲ့ ပတ်သက်တဲ့ အခြေအနေအားလုံးကို ဖော်ပြပေးနိုင်ပါတယ်။ လက်ရှိမှာ Run နေတဲ့ Process အားလုံးကို ပြသပေးမှာ ဖြစ်ပါတယ်။ တစ်ခုချင်းစီကို နှိပ်ရင် RAM Usage , Run Time နဲ့ Running Processes List တို့ကို တွေ့နိုင်ပါတယ်။ RAM စားသုံးမှုများတဲ့ App တွေကို Force Stop လုပ်ခြင်းဖြင့် သင့်ရဲ့ 
ဖုန်းကို မြန်ဆန်စေမှာ ဖြစ်ပါတယ်။

၃။ မှန်ဘီလူးကို အသုံးပြုပါ။

Android ရဲ့ Accessibility Settings ထဲမှာ ရိုးရှင်းပြီး အသုံးဝင်တဲ့ မှန်ဘီလူး စွမ်းဆောင်ချက် ပါရှိပါတယ်။ မှန်ဘီလူးကို On လုပ်ပြီးရင် ဖုန်းရဲ့ မည်သည့် စကရင်မှာမဆို သုံးချက်နှိပ်လိုက်တာနဲ့ Zoom In လုပ်ပေးမှာ ဖြစ်ပါတယ်။ သုံးချက်နှိပ်ပြီး နောက်ဆုံးအချက်မှာ ဖိထားရင် ခဏတာ Zoom လုပ်ပေးပြီး ဖိထားတာကိုလွှတ်လိုက်ရင် နဂိုအတိုင်း ပြန်မြင်ရမှာပါ။ သာမာန်အတိုင်း သုံးချက်နှိပ်ရင်တော့ Magnification Mode ကို ပြောင်းပေးမှာပါ။ Magnification Mode ကနေထွက်ဖို့ သုံးချက်ပြန်နှိပ်ပေးပါ။ Magnification Mode မှာ နေရာပြောင်းရွှေ့ကြည့်ရှုဖို့ လက်ချောင်းနှစ်ချောင်းကို ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။
Settings> Accessibility > Magnification gestures (Or) Settings > Accessibility > Vision > Touch Zoom ထဲကနေ မှန်ဘီလူးကို အသုံးပြုနိုင်ပါတယ်။

၎။ ဖုန်းကို စာတွေ ဖတ်ခိုင်းပါ။
Text-to-Speech လို့ ခေါ်တဲ့ စာသားတွေကို အသံထွက်ဖတ်ပြပေးတဲ့ စွမ်းဆောင်ချက်ကိုလည်း လူသိနည်းကြပါတယ်။ Settings > Accessibility > Text-to-Speech Output ထဲသွားပြီး နှစ်သက်ရာ TTS Engine ကိုရွေးပေးပါ။ Engine ရဲ့ Settings ထဲသွားပြီး Language ကိုရွေးပေးနိုင်ပါတယ်။ ပြီးရင်တော့ TTS ကို အထောက်အပံ့ပေးတဲ့ App များမှာ စာတွေကို အသံထွက်ဖတ်ပြခိုင်းနိုင်ပါတယ်။ ဥပမာအားဖြင့် Pocket မှာ သိမ်းထားတဲ့ အင်တာနက်မှ ဆောင်းပါးတွေကို အသံထွက်ဖတ်ပြခိုင်းနိုင်ပါတယ်။

Credit to  -  ThanToeAung

iPhone သုံးစွဲသူအများစု သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များ



မင်္ဂလာပါ
ဒီနေ့တော့ iOS ဆိုင်ရာ မသိမဖြစ်တဲ့ iOS ရဲ့ Features တွေကို
Facebook ပေါ်မှာတွေ့လို့ Apple User တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

 (၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း

စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။

(၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း

Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။

(၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း

“Read my email” ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email များကို ဖတ်ခိုင်းလိုပါက “Read my latest email” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှုလိုပါက “Do I have email from Maung Maung?” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။


(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း

“What flights are above me?” သို့မဟုတ် “Planes overhead” ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။

(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း

Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ “That’s not how you pronounce [BLANK]” ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။

(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း

ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် “When Timer Ends” ၌ “Stop Playing” ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။

(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း

ဒီနည်းလမ်းက အလွန်ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ်သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင်သည့် နေရာကို အတိအကျ ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။

(၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း

တစ်ခါတစ်ရံတွင် capture ခလုတ်ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုးအကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။

(၉) ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း

ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ်ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူးပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံးတည့်စေသည်။

(၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း

Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင်သည်။

(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း

အိမ်နံရံမှာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ်ဘက်ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။

(၁၂) Select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်နိုင်ခြင်း

Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားများကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ်ကို နှိပ်ပြီး select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်စေနိုင်သည်။

(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း

စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ်ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။

(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း

Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။

(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း

ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်းကို နှစ်ချက် မှိတ်တုတ်မှိတ် ပေါ်သည့်အထိ ဖိထားပြီး focus နှင့် exposure ကို lock ပြုလုပ်ထားနိုင်သည်။ Autofocus နှင့် exposure lock ဖြစ်သည့်အခါ AE/AF Lock ဆိုသည့် အဝါရောင် icon ပေါ်လာမည် ဖြစ်သည်။

(၁၆) Tap တစ်ချက်လုပ်ရုံဖြင့် web suffix များ ထည့်သွင်းခြင်း

Safari တွင် ဝက်ဘ်လိပ်စာတစ်ခု ရိုက်ထည့်သည့်အခါ keyboard အောက်ဘက်ရှိ “.” ကို ဖိထားပြီး ပေါ်လာသည့် web suffix များ (.com, .net, .edu စသည်များ) ကို ရွေးချယ်ထည့်သွင်းနိုင်သည်။

(၁၇) Email draft များကို အလျင်အမြန် အသုံးပြုခြင်း

Mail app တွင် screen ညာဘက် အောက်ထောင့်ရှိ Compose icon ကို ဖိထားပြီး အကြမ်းရေးထားသည့် email များကို အလျင်အမြန် အသုံးပြုနိုင်သည်။

(၁၈) တုန်ခါမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း

Settings > Sounds > Ringtone > Vibration > Create New Vibration လုပ်ပြီး သက်ဆိုင်ရာ contact များအတွက် vibration pattern ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။
 ထိုသို့ vibration သတ်မှတ်ထားသည့်အခါ message သို့မဟုတ် ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည့်အခါ တုန်ခါမှုအပေါ်မူတည်ပြီး contact ကို ခွဲခြားသိရှိနိုင်သည်။

(၁၉) Keyboard shortcut များ စိတ်ကြိုက်ဖန်တီးခြင်း

Settings > General > Keyboard > Shortcuts > Add New Shortcut ကိုသွားပြီး စကားလုံး တစ်လုံး သို့မဟုတ် စကားရပ်တစ်ခု ဖန်တီးပြီး သက်ဆိုင်ရာ shortcut ကို ဖန်တီးနိုင်သည်။ ထို့နောက် shortcut ကို ရိုက်လိုက်သည့်အခါ သက်ဆိုင်ရာ စကားလုံး သို့မဟုတ် စကားရပ်တစ်ခု ပေါ်လာမည်ဖြစ်သည်။ Emoji အတွက်လည်း shortcut များ ဖန်တီးနိုင်သည်။

(၂၀) Passcode တစ်ခုကို စာလုံးများဖြင့် ဖန်တီးခြင်း

Settings > General > Passcode Lock တွင် Simple Passcode ကို OFF လုပ်ပြီးနောက် passcode ကို စာလုံးများဖြင့် ဖန်တီးနိုင်သည်။ ထို့နောက်တွင် ဖုန်းကို unlock ပြုလုပ်ရာ၌ သတ်မှတ်ထားသည့် passcode စာလုံးများ ထည့်သွင်းရန် keyboard ပေါ်လာမည် ဖြစ်သည်။

(၂၁) သတိပေးချက်များကို LED flash ဖြင့် ဖော်ပြခြင်း

ဖုန်းခေါ်ဆိုမှု သို့မဟုတ် message တစ်စောင် ဝင်ရောက်လာသည့်အခါတွင် ဖုန်းမြည်သံ သို့မဟုတ် တုန်ခါမှုစနစ်ဖြင့် မဟုတ်ဘဲ LED flash ဖြင့် ဖော်ပြနိုင်သည်။ Settings > General > Accessibility တွင် “LED Flash for Alerts” ကို ON ပြီး အသုံးပြုနိုင်သည်။

 အထက်ပါ iOS ရဲ့ Features တွေကို PDF စာအုပ်လေးအဖြစ်
သိမ်းဆည်းထားချင်ရင်တော့ အောက်ကလင့်မှာဒေါင်းလော့ရယူနိုင်ပါပြီ 

Download Here PDF

Credit Sakura Snow

 ဇူးနစ်(နည်းပညာ)

Android OS သုံး စမတ်ဖုန်းကိုပေါ့ပါးစေရန် (၁၁)ချက်



ယခုဆိုလျှင်စမတ်ဖုန်းတွေဟာပေါများလှသလို အမျိုးအစား ဈေးနှူန်း အနိမ့်အမြင့် မျိုးစုံရှိလှပါတယ်။ ဒီလိုပေါများတာကလည်း Open Source OS
၁ခုဖြစ်တဲ့ Android OS ကြောင့်ဆိုလဲ မမှားပါဘူး ။ Android OS မှာတင် အရွယ်အစားမျိုးစုံ ဒီဇိုင်းမျိုးစုံ တံဆိပ်မျိုးစုံ တန်ဖိုးနည်း/ များ
ရှိကြပါတယ် ။ ဒီထဲ ကမှ တန်ဖိုးကြီးစမတ်ဖုန်းကိုင်ဆောင်သူတွေဟာ ဖုန်းရဲ့ ပေါ့ပါးမှု ဖုန်းရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုတို့ကို အသုံးပြုချင်လို့
ကိုင်ဆောင်ကြတာများပါတယ် ။ ဒါပေမယ့် စမတ်ဖုန်းကို ပေါ့ပါးအောင် မပြုလုပ်နိုင်တဲ့ အတွက် ဈေးကြီးပေးပြီး စိတ်မချမ်းမသာဖြစ်ကြရပါတယ်။
ဒီလို မဖြစ်ရအောင် Android OS သုံး စမတ်ဖုန်းတွေကို ပေါ့ပါးအောင် ပြုလုပ်နိုင်မယ့် အချက် (၁၁) ချက်ကို တင်ပြပေးလိုက်ရပါတယ်။

၁ ။ သင့်ဖုန်းဟာ Up to date ဖြစ်ပြီလား
Android OS သုံး စမတ်ဖုန်းတွေမှာ System ပိုင်းဆိုင်ရာ Update တွေ minor update တွေပေးတတ်ကြပါတယ် ။ အဆိုပါ Updateတွေမှာ
Error များကို Bug fixes ပါဝင်တတ်ပြီးစမတ်ဖုန်းကို ပိုမို မြန်စေနိုင်ပါတယ်။ အဆို ပါ minor နဲ့ System Update များကို internet မှ တိုက်ရိုက်
မြှင့်တင်နိုင်ပြီး မိမိရဲ့ ဖုန်းမှာ Update တွေရှိမရှိဆိုတာကို Settings > About device > Software update မှာ ကြည့်ရှူနိုင်ပါတယ်။
ထို့ အတူ ဖုန်းမှာ ပါဝင်လာတဲ့ Default Application တွေကို လည်း Update မြင့်ပေးသင့်ပါတယ်။

၂ ။ Home screen ကို ရှင်းလင်းအောင်ထားခြင်း
သင့်ရဲ့ စမတ်ဖုန်းကိုပေါ့ပါးစေဖို့ လှပတဲ့ Live Wallpaper တွေအသုံပြုမယ့် အစား ပိုမိုသင့်တော်ကောင်းမွန်တဲ့ Original Wallpaper တွေကို
အသုံးပြုသင့်ပါတယ်။ ထို့အပြင် Screen ပေါ်မှာ မိမိအတွက် အသုံးမလိုတဲ့ icon တွေနဲ့ widgets တွေထားဖြင်းမှရှောင်ရှားသင့်ပါတယ်။
ထိုသို့ပြုလုပ်ခြင်းဟာ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပေးနိုင်ပြီး Performance ကိုလည်း ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။

၃ ။ အသုံးမလိုတဲ့ Application တွေကို Uninstall သို့မဟုတ် Disable ပြုလုပ်ပါ
တချို့သော App တွေဟာ မိမိအတွက် အသုံး မ၀င်သလို မိမိရဲ့စက်ကိုလဲ လေးလံစေပါတယ် ။ အဆို ပါ အချက်တွေကလည်း ဖုန်းရဲ့ စွမ်းဆောင်ရည်
ကိုကျဆင်းစေနိုင်ပါတယ်။ Uninstall သို့မဟုတ် Disable လုပ်ဖို့ Setting > App ကိုသွားပါ ပြီး ရင် All ဆိုတဲ့ Tab မှာမိမိအတွက် အသုံးမ၀င်သော
Application များကို Uninstall ပြုလုပ်ပေးပါ ထို့အပြင် မသုံးသော default app များကို Disable ပြုလုပ်ပေးပါ ။ ထို့နောက် Setting > App
ထဲမှ Running App ထဲတွင် မိမိကမသုံးပေမယ့် နောက်ကွယ်မှာ အလုပ်လုပ်နေသော App များကို ပိတ်ပေးပါ အဆိုပါ အချက်များကြောင့်လည်း
စမတ်ဖုန်းဟာ ပိုမိုလေးလံနိုင်ပါတယ်။

၎ ။ Animations အသုံးပြုမှူကို ပိတ်ထားပါ
သင်ရဲ့စမတ်ဖုန်းကို ပုံမှန်အတိုင်း အသုံးပြုနေရင်တော့ မသိသာပါဘူး တကယ်တမ်းလေ့လာမယ်ဆိုရင်တော့ Page လေးတွေရွေ့သွားတာက ရိုးရိုး
မဟုတ်ပါဘူး လှုပ်ရှားမှုတိုင်းမှာ Animation လေးတွေပါရှိပါတယ်။ အဆိုပါ Animation ကြောင့်လည်း ဖုန်းဟာ ပိုမို လေးလံတတ်ပါတယ်။
Animation တွေကို ပိတ်ချင်ရင်တော့ ဖုန်းမှာ Developer options ဖွင့်ထားမှရမှာပါ ။ Developer options ထဲမှာအောက်ဆုံးကိုသွားလိုက်ပါ
Window animation scale , Transition animation scale ,နဲ့ Animator duration scale တို့ကို အနည်းဆုံးဖြစ်တဲ့ 5x ပမာဏ သို့မဟုတ်
ပိတ်ထားပေးပါ ။ ဒီအချက်တွေဟာ လည်း ဖုန်းကိုလေးလံစေသော အချက်များထဲကတစ်ခု့ဖြစ်ပါတယ်။

၅ ။ Application တွေရဲ့ Data တွေပါတဲ့ cached တွေကိုရှင်းပေးပါ
ဖုန်းတွေမှာ တချို့ app တွေဟာ လိုအပ်တဲ့ data ဖိုင်တွေကို ဖုန်းရဲ့ Storage ထဲမှာ ထားရှိတတ်ပါတယ် ။ ဥပမာ Offline ဖတ်ရှုနိုင်တဲ့ သတင်း
ကဲ့သို့သော Application တွေဟာ လိုအပ်တဲ့ offline ဖတ်ရှုနိုင်တဲ့ Data တွေကို ဖုန်းထဲမှာထားတတ်ကြပါတယ်။ အဆိုပါ App တစ်ခုချင်းဆီမှာ
လည်း Data cached တွေကိုရှင်းနိုင်သလို Setting > Storage ထဲမှာ လည်း Cached ဖိုင်တွေကို ရှင်းလို့ရပါတယ်။

၆ ။ Wipe cache partition ပြုလုပ်ခြင်း
Wipe cache ဆိုတာဖုန်းထဲမှာ သိုလှောင်ထားတဲ့App တွေရဲ့ ယာယီ Data တွေကို ဖျက်ပစ်တာပါ ဒီလိုဖျက်ရာမှာ internal storage ထဲမှာ
ဝင်ရောက်ဖျက်နိုင်သလို မမြင်နိုင်တဲ့ ဖိုင်တွေကိုတော့ ဖုန်းရဲ့ Partition တစ်ခုဖြစ်တဲ့ Recovery မှ ၀င်ရောက်ဖျက်ပေးရမှာ့ဖြစ်ပါတယ်။
မိမိဖုန်းနဲ့သက်ဆိုင်တဲ့ Recovery သို့ဝင်ရောက် နည်းတွေကို Google မှာရှာဖွေနိုင်ပါတယ်။

၇ ။ အခြား ပေါ့ပါးစေမယ့် Third party Launcher ကို အသုံးပြုပေးပါ
စမတ်ဖုန်းတိုင်းမှာ Google မှထုတ်လုပ်တဲ့ Nexus Devices တွေကလွဲလို့ Android OS ပေါ်ကို အခြေခံထားတဲ့ Launcher တွေကို အသုံးပြုကြပါတယ်
အဆို ပါ Launcher တိုင်းဟာ ဖုန်းပေါ်မှာ အခြေပြု လုပ်ဆောင်နေတာဖြစ်လို့ CPU တွေစွမ်းအင်ကို အသုံးပြုလည်ပတ်နေတာဖြစ်ပါတယ်။
အခြား Developer တွေရေးသားထားတဲ့ Third party Launcher တွေဖြစ်တဲ့ Go launcher , Next Launcherတို့ကို
အသုံးပြုခြင်းဖြင့် CPU ရဲ့ စွမ်းဆောင်ရည်တွေကို လျော့ချနိုင်သလို ဖုန်းကိုလည်း ပိုမို သွက်လက်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၈ ။ Factory Reset ချခြင်း
ဒီစကားကိုတော့ တော်တော်များများ ကြားဖူးမှာပါ မိမိရဲ့ ဖုန်း တော်တော်ကိုလေးလံလာပြီဆိုရင် လုပ်တတ်ကြပါတယ် ။
ထိုသို့ ပြုလုပ်ခြင်းဟာလည်း ဖုန်းကို စက်ရုံမှထုတ်သကဲ့ သို့ ပြုလုပ်ပေးတာဖြစ်တာကြောင့် ဖုန်းကိုပိုမို ပေါ့ပါးစေပါတယ်။ ဒါပေမယ့်
Factory reset ပြုလုပ်မယ်ဆိုရင်တော့ Data တွေကို back up ပြုလုပ်သင့်ပါတယ် ။ Factory reset ချချင်တယ်ဆိုရင်တော့
Setting > Backup & reset > Factory reset ဆိုသော ခလုတ်ကိုနှိပ်ပြီးပြုလုပ်ရမှာပါ။

၉ ။ ဖုန်းကို Over Clock ပြုလုပ်ခြင်း
Over Clock ပြုလုပ်ခြင်းဟာလည်း ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုမြင့်တင်တာဖြစ်ပြီး Processor တွေကို အမြန်နှုန်းမြှင့်လိုက်ခြင်းဖြစ်ပါတယ်
ထိုသို့ ပြုလုပ်ခြင်းဖြင့် ဖုန်းဟာ ပိုမို မြန်ဆန်လာမှာဖြစ်ပါတယ် ။ ဒါပေမယ့် Over Clock ပြုလုပ် ခြင်းဟာ System ပိုင်းဆိုင်ရာကိုပြုပြင်
တာဖြစ်တာကြောင့် Root Access လိုအပ်မှာဖြစ်သလို အခန့်မသင့်ရင် ဖုန်းကိုပျက်ဆီးစေနိုင်တာကြောင့် သတိထားပြီးပြုလုပ်စေချင်ပါတယ်။

၁၀ ။ Auto – Sync ကို ပိတ်ထားခြင်း
Android Device အသုံးပြုသူများဟာ ဖုန်း နဲ့ Cloud Service တွေကို ချိတ်ဆက်အသုံးပြုကြတာကြောင့် Data တွေကို ဖလှယ်တဲ့ စနစ်ဖြစ်တဲ့
sync ကို အသုံးပြုကြပါတယ် ဒါပေမယ့် အဆိုပါ အလိုအလျောက် ဖလှယ်တဲ့ စနစ့်ဖြစ်တဲ့ Auto – sync ဟာ နောက်မှာ Run နေတတ်ပါတယ်။
ဒီစနစ်ဟာ စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ Battery ကို အသုံးပြုမှု များတာကြောင့် အားကုန်ခြင်း စက်လေးခြင်းတွေဖြစ်တတ်ပါတယ်။
ဒါကြောင့် မိမိအသုံးပြုလိုသော Data ကို Sync ပြုလုပ်ပြီးလျှင် Auto – sync စနစ်ကိုပိတ်ပေးသင့်ပါတယ်။

၁၁ ။ Custom Rom တင်ခြင်း
ဖုန်းတွေမှာ original ပါဝင်လာတဲ့ Feature တွေဟာနည်းပါးပါတယ် ဥပမာ – Huawei လို ဖုန်းတွေမှာ ဖုန်းရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာ
နည်းပါးလှပါတယ် ။ ဒါ့ကြောင့် Developer တွေဟာ ဖုန်းတွေနဲ့ ကိုက်မယ့် Rom အမျိုးအစားတွေကို ပြုလုပ် ဖန်တီးကြပါတယ်။
အသစ်ပြုလုပ်ဖန်တီးထားတဲ့ Rom တွေကိုတော့ Custom Roms ဟုခေါ်ပြီးတော့ အဆိုပါ Roms တွေမှာ သာမန် stock rom တွေမှာ မပါရှိတဲ့
Feature တွေ Tweak တွေကိုထည့်သွင်းပေးရုံသာမက ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုပိုမို မြင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့် Error နည်းတဲ့
Roms ကိုရွေးချယ်တင်မှသာ အဆင်ပြေနိုင်မြှာ့ဖစ်ပါတယ်။

Credit to -
                                            www.winhlaing.org 

SC8620 အမျိုးအစားသုံး ဖုန်းများအတွက် Reset ချနည်း။


SC8620 သုံးထားတဲ့ China Hanset များအပြင် Recovery ၀င်မရတဲ့ဖုန်းတွေအတွက်
Pattern Lock တို့ Pin Lock တို့ကျတေတဲ့အချိတ် reset ချနိုင်ရန်တစ်ခါတင်ပေးထားဖူးပါတယ်။
အခု နောက်ပိုင်း SC8620 အမျိုးအစားသုံးထားတဲ့ My Phone တို့ Mobilo စတဲ့ဖုန်းတွေထွက်လာတဲ့
နောက်ပိုင်း Screen Lock မေ့နေကြတဲ့အခါ ပြန်ဖြည်ဖို့တော်တော်အဆင်မပြေတွေ့ရပါတယ်။
PC နဲ့ချိတ်ပြီး software တွေနဲ့ဖြည်ဖို့အတွက်ကျတော့လဲ Debugging on မထားမိလို့အဆင်မပြေ။
Recovery mode ၀င်ဖို့အတွက်ကျပြန်ရင်လဲ Android ကောင်လေးပေါ်လာပြီး recovery mode ကို
မရောက်နဲ့ အဆင်မပြေတာတွေတွေ့နေလို့ ပာိုအရင်တင်ထားဖူးတဲ့ post အပောာင်းလေးကိုပြန်တင်ပေး
လိုက်ပါတယ်။ သူ့ကို reset ချရန်အတွက်လိုအပ်တာကတော့ Wipe_userdata လေးပါပဲ။ ကျတော်လဲအရင်
က သူများဆီကရထားတာလေးပါ။ တော်တော်လေးအဆင်ပြေပါတယ်။


Final Solution 3.0 ( Zawgyi Base )


.......................................................
Samsung ဖုန်းများအတွက် Zawgyi Font အလွယ်တကူထည့်သွင်းနိုင်ရန် Font များကိုအလွယ်
တကူဖန်တီးပေးနေကျဖြစ်တဲ့ Ko Aung Thura မှ အခု version 4.3 မှ 5.1.1 ထိ Zawgyi Font ထည့်သွင်းနိုင်ရန်
Final Solution နဲ့ Zawgyi font apk / Zawgyi Font ttf များကို ထပ်မံမျှဝေပေးလိုက်ပြန်ပါပြီ။
Final Solution 3.0 မှာဆိုရင်တော့-
💮💮 TotalSolution 3.0 ( ZawgyiBase )
...............................................................
✔ Samsung Android 5.1.1 Fonts Database
Update
✔ Samsung Android Version 4.3 ~ 5.1.1
✔ ပုံမှန်အတိုင်း
Samsung Zawgyi Keyboard
မြန်မာ Language
( S6 rom တင်ထားရင်တော့ Unicode - မြန်မာ
Language & Keyboard ပါရမယ် )
🌟 Zawgyi Font
စာလုံးအနည်းငယ်ပြောင်းလဲထားခြင်း
ငသတ်ပြင်ထားခြင်း
ယပင့် ဝဆွဲ ထပ်ပြင်ထားခြင်း များကို ထပ်မံပြုပြင်ပေးထားပါတယ်။
ထည့်သွင်းနည်းကတော့ အရင်အတိုင်းပါပဲ။ Custom Recovery ကနေ zip file ကို install ပေးရုံပါပဲ။
apk နဲ့ ttf အတွက်ကတော့ အောက်ကလင့်မှာ Download ရယူလိုက်ပါ။
Credit >>> Ko Aung Thura

Samsung Galaxy S4 GT-I9500 / I9505 / I9506 တို့ကို Lollipop version 5.0.1 တင်ပြီး Root ပြုလုပ်ချင်သူများအတွက်



Samsung Galaxy S4 GT-I9500 / I9505 / I9506 တို့ကို Lollipop version 5.0.1 တင်ပြီး Root ပြုလုပ်ချင်သူများအတွက်
တင်ပေးလိုက်ပါတယ်။ အရင်ဆုံး Lollipop version တင်ရန်လိုအပ်တဲ့ Firmware လေးကို Download ရယူလိုက်ပါ။
Lollipop version 5.0.1 For GT-I9500 >>> http://d-h.st/vdJN
Lollipop version 5.0.1 For GT-I9505 >>> http://d-h.st/cd2y
Lollipop version 5.0.1 For GT-I9506 >>> http://d-h.st/4s5A
Odin 3.07 >>> One Click Download
Firmware တင်နည်း
...............................
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။ Odin က PDA ဆိုတဲ့နေရာမှာ Firmware ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။ Odin မှာ PASS ပြပြီး
ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။ ပါဝါပြန်တက်လာပြီဆိုရင်တော့ Firmware တင်ခြင်းပြီးဆုံးပါပြီ။

Firmware တင်ပြီးရင်တော့ ကျတော်တို့ Root လုပ်ရန်အတွက် လိုအပ်တာလေးကို အရင် Download ရယူလိုက်ပါ။
hGT-I9500 / 9505 / 9506 တို့အတွက် Root Files

Download ရယူပြီးရင်တော့ Root လိုက်ကြရအောင် smile emoticon
Odin ကိုအရင်ဖွင့်လိုက်ပါ။ Odin က PDA ဆိုတဲ့နေရာမှာ CF-Auto Root ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။ Odin မှာ PASS ပြပြီး
ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။ ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Android is Upgrading ဆိုပြီး
ပေါ်လာပါမယ်။ ဒါဆိုရင်တော့ Root လုပ်ခြင်းပြီးစီးပါပြီ။
Myanmar Font ထည့်သွင်းရန်အတွက် Lollipop Zawgyi Installer လေးကို Download ရယူပြီး ထည့်သွင်းလိုက်ပါ။

Credit to - #KoHtoo_MMAS.......
http://www.myanmarmobileapp.com

Saturday, August 8, 2015

Hair Color Changer APK လေးပါ

ဆံပင်အရောင်ကို ကြိုက်သလိုပြင်ဆင့်နိုင်တဲ့ apk လေးပါ။
download - http://www.mediafire.com/download/4di75qcd5cq4qf3/com.picediting.haircolorchanger.apk

water reflection


ရေထဲရောက်သွားစေမယ့် apk လေးပါ။
ကလိချင်သူများအတွက် - http://zawminthutec.blogspot.com/2015/08/blog-post_8.html

အကြွေးစာရင်းများအား တွက်ချက်ရန်

အကြွေးပေးစရာရှိတာတွေ၊ ရစရာရှိတာတွေကို စာရင်းပြုစုနိုင်မယ့် apk လေးပါ။
Download - https://www.mediafire.com/?soggjp7sxgy72tn
အဆင်ပြေပါစေ။

ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ KingRoot 2.2

ဖုန်းတော်တော်များများကို root ပေးနိုင်ပါတယ်။
Root လုပ်ရန်လိုအပ်ချက် -
-မိမိ ကွန်ပျူတာတွင် Driver သိဖို့လိုသည်။
-မိမိဖုန်းတွင် USB Debugging/ Unknown Source ကို ON ပေးထားရပါမည်။

Download - https://www.mediafire.com/?n2agc0626t3wut4
အဆင်ပြေပါစေခင်ဗျာ။

ဖုန်းတော်တော်များများကို Root ဖောက်နိုင်မယ့် King Root APK လေးပါ

Kitkat အထိဖေါက်နိုင်တယ်လို့ပြောပါတယ်။
Download - https://sites.google.com/site/androidxdacom/file/Kingroot_V4.5.0.722.apk?attredirects=0

အဆင်ပြေပါစေ။

Friday, August 7, 2015

IRoot Latest Version


Lolipop အထိ root ပေါက်ပါတယ်ဆိုတဲ့ IRoot software လေးပါ။
Down ရန် - http://download1387.mediafire.com/qpi1ya6r148g/ti5rle6wege16ht/iRoot+v1.8.5.rar

-မိမိကွန်ပျူတာတွင် root မည့်ဖုန်း၏ သက်ဆိုင်ရာ driver များရှိရပါမည်။
-မိမိဖုန်းတွင် USB Debugging နှင့် Unknown Sources များ On ထားပေးရပါမည်။

Monday, August 3, 2015

G730-U30 ကို Firmware ရေးမယ်


Firmware ရေးဖို့အတွက် လိုအပ်သောဖိုင်များကို အောက်တွင် download လုပ်ပါ။
Firmware - http://www.shoujikz.com/share-900470/

Firmware ရေးရန်အတွက် SD Card (အနည်းဆုံး 2GB )ရှိရမည်။
- ဆွဲလို့ရလာတဲ့ Firmware ကို Zip ဖြည်ပါ။
- ထိုfolder ထဲမှ Dload (or) odax  folder ကို SD card ထဲ ကူးထည့်ပါ။(SD Cardကို Formatချထားပါ
-  SD card ကို ဖုန်းထဲထည့်ပါ။
- ဖုန်းကို (Vol-) + (Vol+) + (Power) တွဲနှိပ်ပါ။
 အလိုလျှောက် Flashing လုပ်သွားပါလိမ့်မည်။


Sunday, August 2, 2015

Oppo R5 ကို Root လုပ်မယ်


Root လုပ်ရန်လိုအပ်သောဖိုင်းများ down ပါ


Root လုပ်ရန် - 
(၁) Oppo Driver အား install လုပ်ပါ။
(၂) IRoot အား install လုပ်ပါ။
(၃) ဖုန်းတွင် USB Debugging နှင့် Unknown Source on ထားပါ။
(၄) Device ကို ကွန်ပျူတာနှင့်ချိတ်ပါ၊ Device သိလျှင် Root ကိုနှိပ်ပါ။
(၅) Device ထဲမှ Security Ceneter > Permission management > Auto-run management ထဲက
      Vroot နှင့် Super Cleaner ကို on ထားပေးပါ။
Reboot ကျ၍ ပြန်တက်လာလျှင် Super User ပေါ်လာပါမည်။

power တွေထုတ်ကြမယ်။

ဒီလိုမျိုး power တွေထုတ်ပြချင်သူတွေအတွက်
Eye Candy Camera
ဒေါင်းရန် https://userscloud.com/dqsyjgwuatno